ဘလော့ကို လာရောက်လည်ပတ်ကေတေ မိတ်ဆွေ ညီအစ်ကို မောင်နှမတိ မင်္ဂလာပါ လို့ အရင်ဆုံး နူတ်ဆက်ပါယေ.. အဂုတလိုင်း ဟွေစာပေ ဒေစာပေ တွေ့ကရာ စာတိကို လိုက်ဖတ်ရင်း ဒေနိန့်ခါ အချစ်ခရီးလမ်း တစ်ခုကို တာရှည်တည်တံ့ ခိုင်မြဲအောင် ပစောင်ပိုင် တည်ဆောက်ဖန်တီးသင့်လေ့ ဆိုစော်ကို လေ့လာကြည့်ကတ်ပါမယ်..
ဒေပိုစ့်ချေကို ရေးလို့ မဥမ္မာ ဆရာမကြီးလားလို့တော့ မမိန်းပါကေ့.. Googling ခြင်းဖြင့် ရှာဖွေထားရေ ဘာသာပြန် အပိုင်းအစ စကားလုံးတိရာ ဖြစ်တေဆိုစော်ကို စကားပလင် အရင်ခံရေးထားပါမယ်..
အချစ်အကြောင်းကို ရေးရဖို့ဆိုခါ အချစ်ဆိုစာ အစာလေ့ ဆိုစာကို သိဖို့လိုအပ်ပါယေ.. အချစ်ဆိုစာ အစာလေ့ ? လို့ ပထမဆုံး ကိုယ့်ကိုယ်ကို အရင် မီးကြည့်ပါ.. ခက်စော်က လူတိုင်း လူတိုင်းက အချစ်ကို ကိုယ့်ယူဆချက်တိနဲ့ ကိုယ်အဓိပ္ပါယ်ဖွင့်ကတ်တေ.. တစ်ချို့ကလေ့ စမ်းတ၀ါးဝါးနဲ့ ပါးစပ်က အချစ်အချစ်လို့ ပြောနီကေလေ့ အချစ်ဆိုစာ အစာမှန်း မသိစော် လူတိလေ့ မကန် ဟိမ့်ပါဖို့နဲ့ယာ.. အချစ်ဆိုစာ ချစ်သူနှစ်ဦးကြားမှာ ချိုမြိန်ရေ ခံစားချက် တစ်ခု ( ချစ်နီကတ်တေ အချိန်မှာ )ယာ ဖြစ်တေ.. ကိုယ်ချစ်တေ လူကို တမ်းတ သတိရမိန့်စော်နဲ့ပင် အလိုလို ကျေနပ်တေ စိတ်ခံစားချက် တစ်မျိုးရဟိမ့်စော်ပ..
အချစ်က လူတိကို စိန်ခေါ်မှု ရဲဝံ့မှုတိကိုလေ့ ပီးစွမ်းနိုင်ယေ.. လူတစ်ယောက်ကို ရင်ထဲက နှစ်နှစ်ကာကာ ချစ်မိကေ ယေ့လူအတွက် စွန့်လွတ်ဖို့ စွန့်လွတ်ပီးဆပ်တတ်တေ စိတ်တိက အလိုလိုဟိမ့်လာစော်မျိုးပ.. တစ်ချို့ကြပြန်ကေလေ့ အချစ်နဲ့ တွေ့မှာ ကြောင်တိကြောင်တောင်တိ ဖြစ်ဇီပြန်ယေ..
အချစ်ကို အစားအစာတစ်ခုလို့ယာ တင်စားဖို့ဆိုကေ ယေ့အစားအစာကို ကောင်းစွာစားသုံးတတ်တေ လူတိအဖို့ ချိုမြိန်ရေ သစ်သီးချေ တစ်လုံးကို တစိမ့်စိမ့် စားနီရပိုင် အရသာဟိမ့်ပါယေ.. မဟုတ်ပဲနဲ့ ပရမ်းပတာ စားသုံးဖို့ဆိုကေ ခါးသက်သက် အရသာဟိမ့်ရေ သစ်သီးတစ်မျိုးကို မရှိတင်ကဲ စားနီရစော်နဲ့ တူပါဖို့..
အချစ်အကြောင်းတော့ အရွယ်ရောက်တေ လူတိုင်းလူတိုင်း ခံစားဖူးကတ်ပါဖို့နဲ့ယာ.. မတူညီယေ ခံစားချက် မျိုးစုံနဲ့ပ.. တစ်ချို့က ယေ့လူကို တစ်ဖက်သတ် ချစ်နီရုံနဲ့ ကျေနပ်နီကတ်တေ.. တစ်ချို့ကြကေလေ့ ရယူလိုချင်နဲ့ ချစ်တေ.. တစ်ချို့ကြကေ စွန့်လွတ်ခြင်းနဲ့ ချစ်တေ.. မသိပါယာ.. လူအမျိုးမျိုး စိတ်အဖုံဖုံနဲ့ လောကကြီးမှာ အချစ်မဟိမ့်ပဲ လှပရေ ဘ၀နိန့်ရက်တိကို ရနိုင်ဖို့ မဟုတ်လို့ မြင်မိပါယေ.. ဟဲဟဲ :)
" ယေ့လူတစ်ယောက်ဟိမ့်မှ ဘ၀ လှပနီဖို့စော် မဟုတ် ၊ ငါတစ်ယောက်တည်းလေ့ နိန်နိုင်ရေလို့ " ပြောရေ လူတိလေ့ ကန်ကောမကန်ဟိမ့်ပါဖို့နဲ့ယာ.. ယေ့လူတိ ယေ့ပိုင် စကားမျိုး ပြောနိုင်ရေဆိုစော် ယေ့လူနားမှာ သူမျော်လင့်ရေ လူမဟုတ်ဘဲ ယေ့လူကို ချစ်ခင်နိန်ရေ လူတိ အနားနားမှာ ဟိမ့်နီလို့ယာ ဖြစ်တေ.. ဘ၀ကို တစ်ယောက်တည်း ဖြတ်သန်းကေ ကောင်းအထီးကျန်ဆန်စော်ကို တစ်ယောက်တည်း ဖြတ်သန်းနိန်ကတ်တေ လူတိ အသိပါ.. :)
ဒေဂုပြောချင်စော်က ချစ်နိန်ကတ်တေ ချစ်သူနှစ်ဦးက သူရို့ အချစ်တိကို ရေရှည်တည်တံ့ခိုင်မြဲအောင် ပစောင်ပိုင် နိန်ထိုင်သင့်လေ့ဆိုစော်ချေတိပါ.. ဒေအချက်ချေတိကို ယောက်ကျားချေ တစ်ယောက်တည်း ၊ မမချေ တစ်ယောက်တည်း မဟုတ်ပဲ နှစ်ဦးနှစ်ဖက်လုံး လိုက်နာကျင့်သုံးမှ သာယာရေ ချစ်ခရီးလမ်းကို လျောက်လှမ်းနိုင်ပနာ အသက်တိကြီး ၀ါကြီးဝါကြီးမတိ ဖြစ်ထိ တစ်ယောက်လက်ကို တစ်ယောက် ခိုင်ခိုင်တွဲလို့ ပျော်ရွင်ရေ ဘ၀တစ်ခုကို ထူထောင်နိုင်ဖို့ ဖြစ်ပါယေ..
၁..ခွင့်လွတ်နားလည်တတ်ဖို့ မိန့်သင့်စော်တိကို မိန့်ပိုက်တတ်ဖို့..
လူတစ်ယောက်နဲ့ တစ်ယောက်စော် ကောင်းချစ်ကတ်တေ ချစ်သူနှစ်ဦး ဖြစ်လာဖို့ လွယ်ကူစော် မဟုတ်ပိုင် ရှေးရေစက် အကြောင်းကံ ပါမှလေ့ ယေ့လူနှစ်ဦး တွေ့ဆုံကတ်စော်ဖြစ်တေ.. ကဘာပေါ်မှာ လူတိ သန်းပေါင်းများစွာ ဟိမ့်ယေ. ယေ့အထဲမှာမှ ယေ့လူနှစ်ယောက်တွေ့ဆုံလို့ ချစ်ကြိုက်ကတ်စော်ဖြစ်တေ..
အစာလောက်ပင် ကိုယ့်အနားချေမှာ ဟိမ့်နီပဇီ သူရို့ နှစ်ယောက် ချစ်သူတိ ဖြစ်လာဖို့ မဖြစ်လာကို တစ်ယောက်လေ့ မပြောဆို မခန့်မှန်းနိုင်.. ယေပိုင်ပင် ရီမြီးခြားလို့ တစ်ယောက် တစ်နိန်ရာဇီဆိုကေလေ့ ယေ့လူနှစ်ယောက် အကြောင်းအမျိုးနဲ့ တွေ့ဆုံပြီးကေ ချစ်သူ ဖြစ်ချင်လေ့ ဖြစ်လာကတ်စော်ပါယာ.. ယေ့ပိုင် ရှေးရေစက်ဆုံလို့ ချစ်သူဖြစ်လာပြီးခါမှ တစ်ယောက်ကိုတစ်ယောက် နာကျင်အောင် မလုပ်မိအောင် ကြိုးစားနိန်ထိုင်ရင်း ရေရည် အဆင်ပြေယေ ဆက်ဆံရေး တစ်ခုရအောင် နှစ်ယောက်စလုံး စိတ်တူကိုယ်တူ ကြိုးစားသင့်ပါယေ..
ချစ်စခင်စ ကြင်နာစမှာ တစ်ယောက်အကြောင်း တစ်ယောက် ယေလောက် မသိကေလေ့ အချိန်တိကြာလာခါ ယေ့လူ ဆိုးစော်တိ ကောင်းစော်တိကို မြင်လာပါဖို့.. အပြုအမူ အနိန်အထိုင် အပြောအဆို ၊ စိတ်ကူး ယူဆချက်တိက ကိုယ်မျော်လင့်ခစော်တိနဲ့ တထပ်တည်း ကျချင်မှ ကျပါဖို့.. မျော်လင့်ပိုင် တထပ်တည်း မကျကေ အစာပိုင် လုပ်ပါဖို့လေ့ ?
" အလွယ်ချေပါယာလို့ ယောက်ကျားချေကလေ့ ဒေလောက် မမတိ ပေါများစာ ခေတ်မှာ ဒေတစ်ယောက်နဲ့ အဆင်မပြေကေ နောက်တစ်ပ ၊ မမချေကလေ့ ယောက်ကျားများ ကြိုက်စော်လူကို ခေါင်းခေါက်ယူလို့ ရရေ "ဆိုပနာ စွန့်လွတ်ပိုက်ပါဖို့လား ? ယေပိုင်ယာ ကိုယ်မျော်လင့်ပိုင် လူမဟုတ်လို့ စွန့်လွတ်ဖို့ နောက်တစ်ယောက် ထပ်ချစ်ဖို့ဆိုကေ ယေ့နောက်ထပ် တစ်ယောက်ကကော အားလုံး ကိုယ်မျော်လင့်ပိုင် ပြည့်စုံနီဖို့လို့ အာမခံနိုင်ပါဖို့လား ? လူတိုင်း လူတိုင်းမှာ လိုအပ်ချက်တိတော့ ဟိမ့်နီပါဖို့နဲ့ယာ..
ကိုယ်ဘေးနားမှာ ဟိမ့်ရေလူကိုလည်း ကိုယ်မျော်လင့်ပိုင် ပုံစံ မဟုတ်လို့ ဆိုပနာ ကိုယ်လိုချင်ရေ ပုံစံကို မရမက လုပ်ခိုင်းလို့လေ့ ရလီဖို့မဟုတ်ပါ.. တစ်ယောက်က လက်မခံနိုင်ယေ အမူအကျင့်တိကို တစ်ယောက်က ပွင့်ပွင့်လင်းလင်း ပြင်သင့်ရေလို့ ပြောဆို ဆွေးနွေးလာရေအခါ တစ်ဖက်ကလေ့ အလိုက်တသိ ပြင်ဆင်တတ်ဖို့ လိုအပ်ပါယေ.. ယေ့ပိုင် အချိန်ခါ တစ်ယောက်ကို တစ်ယောက် ထားဟိမ့်ရေ သံယောစိုင် ချစ်ခြင်းမေတ္တာတိကို အရင်းခံလို့ တစ်ဖက်လူ အားနည်းချက်ကို နားလည်ခွင့်လွတ်တတ်ဖို့ ၊ မနှစ်သက်တေ အပြုအမူတိကို ခွင့်လွတ် လက်ခံဖို့ ကြိုးစားပြီးကေ ညိုနိုင်းရေ ပုံစံတိရာ ဖြစ်သင့်ပါယေ..
ရေရှည်ကြာလာရေ ချစ်သူနှစ်ဦးကြား ဆက်ဆံရေးစော် ပျော်ရွင်ဖို့ဂျေးကောင်းနိန်ဖို့စော် မဟုတ် ။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ မရည်ရွယ်ဘဲနဲ့ နာကျင်ခံစားရဇီရေ အဖြစ်တိက ရေရှည်ကြာ ချစ်သူနှစ်ယောက်ကြားမှာ မြီကြီး လက်ခမလွဲ ဟိမ့်ကတ်ဖို့နဲ့ယာ.. ယေပိုင်ခါရို့မှာ ကိုယ်မှားစော်ကို သိကေ ကိုယ့်ဖက်ကလေ့ အမှားကို ဆန္နဟိမ့်ဟိမ့် တောင်းပန်ဖို့ လိုအပ်တေပင် တစ်ဖက်ကလေ့ ခွင့်လွတ်သီးခံပီးတတ်ဖို့ လိုအပ်ပါယေ.. အရေးမကြီးရေ ကိစ္စရပ်တစ်ချို့ကိုလေ့ မိန့်ပိုက်လို့ ရကေ မိန့်ပိုက်ပြီးကေ ညက အဆင်မပြေဖြစ်ဇီခရေ ကိစ္စတိကို ဒေနိန့်ထိ မယူဆောင်လာပဲ မိန့်ပိုက်သင့်ပါယေ..
၂..ယုံကြည်မှု ၊ ပွင့်လင်းမှု ဟိမ့်ဖို့..
ချစ်ကတ်တေ လူနှစ်ယောက်ကြားမှာ ယုံကြည်မှုက ခိုင်မာရေ တံတိုင်းတစ်ခု အဖြစ်တည်ဟိမ့်နီဖို့အပ်ပါယေ .. တစ်ယောက်ကို တစ်ယောက်က ယုံကြည်မှု ဟိမ့်နီဖို့ ကိုယ့်ဖက်က နိန်ချင်ပိုင် နိန်နိန်လို့ မရ.. တစ်ဖက်သား ရင်ထဲမှာ အခါတိုင်း ယုံကြည်လက်ခံနိန်ဖို့ ပြုမူနိန်ခြင်းမျိုးက ကောင်းအရေးကြီးပါယေ.. " အစကပင် ငါ့အကြောင်း သိစော်ရာ မဟုတ်လား ? အဂုမှ မယုံမကြည်ပိုင် အစာဖြစ်နိန်စော်လေ့ " လို့ မီးလာကတ်ရရေ အနိန်အထားတိ ကြုံရခါ ဟိမ့်ပါဖို့..
ယေ့ပိုင် အစာဖြစ်လို့ မီးရဖို့ မိန်းခွန်းတိ ဟိမ့်လာရပါလေ့ ? စချစ်ခါစမှာ တစ်ဖက်လူ ယုံကြည်ဖို့ ယေ့လူအချစ်ကို ရဖို့ ပစောင်ပိုင်ပင် ယေ့လူ ယုံကြည်အောင် လုပ်ပြရ လုပ်ပြရ ၀န်မလီခကတ်ပါ.. တဖြည်းဖြည်းနဲ့ အချိန်တိ ကြာလာခါ ဇာတိက ပြင်လို့ကို မရ.. ပြလာစော်ဗျာ.. ချစ်ခါစမှာနဲ့ အချိန်တိကြာလာရေခါ ဆက်ဆံရေးစော် လုံးဝကို မတူပဲ ပြောင်းလဲလာရေခါမှာ ဒေမိန်းခွန်းတိကို မီးလာကတ်တတ်တေ.. ယေနဲ့ ဖြစ်လို့ လူတစ်ယောက်ဘားက တစ်ခုခုကို ရဖို့ ယေ့လူ ယုံကြည်အောင် မလုပ်ဆောင်သင့်ပါ..
တစ်ယောက်က တစ်ယောက်ကို ယုံကြည်မှု လျော့နည်းလာရေ ဆိုခါ အစာကိစ္စက ယေ့လူကို ယုံကြည်မှု ပျက်လာဇီလေ့ ဆိုစော်ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ လိုအပ်ပါယေ.. တာရှည်တည်မြဲဖို့ ဘ၀ခရီးတစ်ခုကို ရဖို့ အချစ် ၊ နားလည်မှု ဟိမ့်ရုံနဲ့ မလုံလောက် မပြည့်စုံနိုင်ပါ.. တစ်ယောက်ကို တစ်ယောက် ပွင့်လင်းမှု မဟိမ့်ဆိုကေ သံသယဆိုရေ စိတ်တိနဲ့ ယုံကြည်မှုတိပျက်လာနိုင်ပါဖို့.. ယေ့ပိုင်ပင် ပွင့်လင်းရဖို့ဆိုတိုင်း အရာရာတိုင်းမှာ ပွင့်လင်းနီအားကြီးကေလေ့ တစ်ဖက်လူမှာ ၀န်ထုပ်တစ်ခုပိုင် ဖြစ်ဇီစော်ကိုလေ့ သတိချပ်သင့်ပါယေ.. မပွင့်လင်းလို့ မဖြစ်စော် ကိစ္စမျိုးဆိုကေ မထိန်းချန်ထားပဲ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုက်ပါ.. ယေမှ တစ်ယောက်ကို တစ်ယောက် နားလည်ပီးလို့ သာယာရေ ဘ၀ကို ရနိုင်ဖို့ ဖြစ်ပါယေ..
၃.. အချိန်ပီးတတ်ဖို့..
သွေးမတော်စပ်ရေ ကဘာမြီပြင်ထက်က လူစ်နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်ကတ်တေဆိုစော် ထူးဆန်းယေလို့ ပြောလို့ ရပါယေ.. ချစ်ခါစမှာ တစ်ယောက်ကို တစ်ယောက် အရူးအမူး မမြင်ရ မတွေ့ရကေ မနိန်နိုင်ပိုင် ချစ်ကတ်တေ.. ချစ်ခါစမှာ " ကိုယ့်ချစ်နှမ ၊ နှမချစ် မောင်ကြီး နားမှာ ကိုယ်က တစ်စက္ကန့်ချေတောင် မခြား မခွဲမခွာ တစ်သက်လုံး နိန်လားဖို့ " ဖို့လို့ ပြောခကတ်တေ ချစ်စက ချစ်သူ နှစ်ဦးစာ အချိန်တိကြာစော်အမျှ ပြောင်းလဲလာတတ်ကတ်တေ..
ယေ့လူနားမှာ နိန်ရစော်ကို ငြီးငွေ့မှုတစ်ခုပိုင် ဖြစ်လာကတ်တေ.. ယေလို့ ယေ့လူနားက ခွာပြီးပနာ အပေါင်းအသင်း သူငယ်ချင်း မိတ်ဆွေ ၊ မိသားစုတိနဲ့ ၀ိုင်းဝန်းဖွဲ့ ကိုယ်ပျော်ရွင်ရာကို ရှာဖွေတတ်လာကတ်တေ.. ယေ့ပိုင် အချိန်ရို့မှာ တစ်ဖက်နဲ့ တစ်ဖက် ညိုနိုင်းမှု မဟိမ့် သူ့ဖက်က တင်းကိုယ့်ဖက်က တင်းဆိုကေ တင်းနိန်ရေ ကြိုးနှစ်ပင်စော် ပြတ်တောက်ဖို့ အလွယ်ဆုံး ဖြစ်လားခရရေ..
ယေနဲ့ ဖြစ်လို့ အချိန်အတိုင်းအတာတစ်ခု ကြာလာရေခါမှာ ယေ့ပိုင် အဖြစ်တိ မဖြစ်ရအောင် တစ်ယောက်ကို တစ်ယောက် ယေ့လူအတွက် လိုအပ်တေ အချိန်တိမှာ ကိုယ့်ဖက်က အချိန်ပီး ဆက်ဆံပီးကေ သက်ဆုံးတိုင် တစ်ယောက်ကို တစ်ယောက်ကိုယ်ပိုင်အချိန်တိကို ခွဲဝီးမျှပနာ ပျော်ရွင်ရေ ဘ၀ကို တည်ဆောက်ဖို့ ကြိုးစားသင့်ပါယေ.. ဒေအချိန်မှာ ကိုယ်ရို့ ဆက်ဆံရေးကို ကိုယ်ရို့နှစ်ယောက်လုံး ဂရုတစိုက် စောင့်ကြည့်ပြုပြင်ယူပါမှ ရေရှည်ခိုင်မြဲရေး ဆက်ဆံရေးကို ရဟိမ့်နိုင်ဖို့ဖြစ်တေ..
၎. နှစ်လိုဖွယ် ပြောဆို ဆက်ဆံတတ်ဖို့..
ချစ်သူ နှစ်ယောက်ကြားမှာ ချစ်ခါစမှာ ကြင်ကြင်နာနာ ပြောဆိုဆက်ဆံကတ်ကေလေ့ ရေရှည်ကြာလာရေ အခါမှာ အရေးမထားပဲ ကိုယ်ပြောချင်စော်ကို ပြောဆို ဆက်ဆံမှုမျိုးကို ရှောင်ရှားသင့်ပါယေ.. ကိုယ့်ချစ်သူ အကြောင်းတစ်ခုခုကြောင့် စိတ်ညစ်နီရေ အခါမှာလေ့ သူရို့ကို အဖော်လုပ်ပီးကေ အားပီးနှစ်သိမ့် စကား ပြောပီးပါ.. တစ်ဖက်လူ ဖြစ်ချင်ရေ ဆန္နအိပ်မက်တိကိုလေ့ ကိုယ်တတ်နိုင်သလောက် ကူညီထောက်ပံ့ပီးရေ လူဖြစ်အောင် ကြိုးစားပါ.. ယောက်ကျားချေဖြစ်ဇီ မမချေဖြစ်ဇီ ကိုယ့်ချစ်တေ လူက ကိုယ့်အခက်အခဲတိ ၊ စိတ်ညစ်စရာတိ ကြုံခါ ဖေးဖေးမမနဲ့ နှစ်သိမ့်ကူညီတတ်ဖို့လေ့ လိုအပ်ပါယေ..
ကိုယ်က ဖေးမကူညီ မပြောပီးကေ တခြားလူက ဖေးမကူညီ လီဖို့မဟုတ်.. ရိုးရိုးရှင်းရှင်းချေနဲ့ ကိုယ့်ချစ်သူ ကောင်းကွက်ချေတိကိုလေ့ ချီးမွမ်းပြောဆိုတတ်ဖို့ လိုအပ်ပါယေ.. နှစ်ယောက်ကြားမှာ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လေးစားမှုတိကို ပြသဖို့ လိုအပ်တေပိုင် လူတိကြားမှာလေ့ ဟိမ့်နီခါလေ့ အလေးထားဦးစားပီးမှုတိ လိုအပ်ပါယေ..
၅..Team member တိပိုင် အတူတကွ လုပ်ဆောင်ဖို့ အရေးကြီးပါရေ..
ပွဲလမ်းသဘင် လားစော်မျိုးရို့ ၊ ဘုရားဖူး လားစော်မျိုးရို့ ၊ အခက်အခဲတိကို ဟိမ့်လာကေလေ့ အတူတကွ ရင်ဆိုင် ဖြေရှင်းဖို့ လိုအပ်တေ.. တစ်ယောက်အမြင်ကို တစ်ယောက်က အကျိုးဟိမ့်ဟိမ့် လက်ခံဖို့ ၊ အမြင်တိကို ဖလှယ် အသုံးချတ်ဖို့လေ့ လိုအပ်ပါယေ.. တစ်ယောက်ကောင်းကွက်ကို တစ်ယောက်က အသိမှတ်ပြု လက်ခံခြင်းဖြင့် ကိုယ့်ချစ်သူကို ခွန်အားသစ်သိ ပီးစော်ပိုင် ဖြစ်ဇီပါယေ.. တချိန်တည်းမှာပင် ကိုယ်ပိုင် ဆုံးဖြတ်ချက် အကြံညဏ်တိကိုလေ့ အကောင်အထည်ဖော်နိုင်ဖို့ ကိုယ်ပိုင်အချိန်တိ ၊ နေရာလပ်တိ ပီးထားသင့်ပါယေ.. တစ်ယောက်ချင်းဇီ ကိုယ်ပိုင် ရပ်တည်နိုင်မှု ဟိမ့်ပါမှ ပေါင်းစီးလိုက်တေခါ ကောင်းမွန်ရေ Team တစ်ခုကို ပိုင်ဆိုင်ဖို့စော်ပိုင် တစ်ယောက်ကို တစ်ယောက် ရိုင်းပင်း ကူညီနိုင်ရေ ဘ၀တစ်ခုကို ရဖို့ ဖြစ်ပါယေ..
၆..နိန့်စိုင် အချစ်တိကို ပြန်အတည်ပြုပါ..
နှစ်သူနှစ်ဦး ချစ်ခါစမှာ " နင့်ကို ငါချစ်တေ " ဆိုရေ စကာကို အကြိမ်ရီတွက်လို့ မရအောင် ပြောဆိုခကတ်ကေလေ့ အချိန်ကြာလာရေ ခါမှာ မသုံးနူန်းမပြောဆို သင့်ရေ စကားတခွန်းပိုင် ချောင်ထိုးဖို့ ကြိုးစားလာကတ်တေ.. ယေ့ပိုင် အချိန်တိကြာလာခါ တစ်ဖက်လူက သံသယ ဖြစ်လာနိုင်ယေ..
ဒေလူ " ငါ့ကို ချစ်ကော ချစ်သိမ့်ယင့်လား " ဆိုပနာ သံသယစိတ်ဖြစ်လာတတ်တေ.. ယေလို့ ကိုယ်ချစ်သူက " ငါ့ကို ချစ်လားလို့ " မိန်းရေခါမှာ ချစ်တေဆိုစော်ကို မရှက်မကြောက် ပြန်ဖြေဖို့ အရေးကြီးပါယေ.. ဒေပိုင် မီးလာရေခါမှာ " အစာဖြစ်လို့ ကလေးကလား စကားတိကို မီးနိန်စော်လေ့ အဓိပ္ပါယ် မဟိမ့်စော်တိ " လို့ လုံးဝကို ပြန်မဖြေသင့်ပါ..
ဒေပိုင် ပြန်ဖြေခြင်းဖြင့် တစ်ဖက်လူက အစကပင် သံသယ ဟိမ့်လို့ မီးစော်ကို " မီးလောင်ရာ လီပင့်" ဆိုပိုင် တစ်ဖက်သာကို " ဒေလူ ငါ့ကို အဂရောင်း မချစ်ရာ မဟောက်လား " ဆိုရေ စိတ်ခံစားမှုကို ပီးစော်နဲ့ တူပါဖို့.. ဒေစကားလုံးစော် လူတိုင်း လက်ခံထားရေ တစ်ယောက်ကို တစ်ယောက် " ချစ်တေ " ဆိုစော်ကို အတည်ပြုရေ စကားလုံးဖြစ်လို့ နိန့်စိုင် မဟုတ်ကေတောင် ကိုယ့်ရို့ ချစ်သူ နှစ်ဦးကြားမှာ အမြဲလက်ကိုင်ထားရေ စကားလုံးဖြစ်နိန်ဖို့ လိုအပ်တေ..
ချစ်သူ နှစ်ဦးကြားမှာ ထွေးပွေ့ယုယမှုတိလေ့ ဟိမ့်သင့်ပါယေ.. တစ်ယောက်လက်ကို တစ်ယောက် ခိုင်ခိုင်တွဲလို့ တစ်ဘ၀လုံး လျောက်လှမ်းရဖို့စော်ဖြစ်လို့ ချစ်သူနဲ့ နှစ်ယောက်တည်း လားရေခါမျိုးမှာ ကိုယ့်ချစ်သူ လက်ကို မြဲမြံအောင် တွဲကိုင်ထားသင့်ပါယေ..
ယောက်ကျားချေက မမချေကို လက်တွဲကိုင်ရေဆိုစော် " ယေ့ယောက်ကျားချေက ယေ့မမချေကို ပစောင်ပိုင်ပင် အခြေအနေ အနိန်အထားထိ ရောက်ဟိမ့်နီပစီ မခွဲမခွာလက်တွဲလားဖို့ " ဆိုရေ အဓိပ္ပါယ်ကို ပြပြီးကေ မမချေက ယောက်ကျားချေလက်ကို တွဲစော်ကျကေ " ယေ့မမချေကလေ့ ပစောင်ပိုင် အနိန်အထားမှာပင် ဟိမ့်နီပဇီ ယေ့လူလက်ကို တွဲကို တသက်လုံး လက်တွဲဖော် အားကိုးဖော်တစ်ယောက်အဖြစ် မှီတွဲလားဖို့" ဆိုရေ အဓိပ္ပါယ်ကို ဖော်ဆောင်ပါယေ..
ယေနဲ့ဖြစ်လို့ ချစ်သူဖြစ်ခါစမှာတော့ သူ့လက်ချေကို ကိုင်ရဖို့ အရေး စွန့်စွန့်စားစားတိ တောင်းဆိုလို့ ကိုင်ခွင့်ရလို့ ရိုးလာယာ ဆိုခါ လက်တွဲ မဖြုတ်ချခဖို့လေ့ သတိထားသင့်ပါယေ..တစ်ဖက်လူက လက်လားတွဲလို့ တွဲလက်ကို ဖြုတ်ချခံရဖို့ဆိုကေ ယေ့လူ အစာလောက် ခံစားရဖို့လေ့ ? ချစ်နိန်ကတ်တေ လူနှစ်စော် တစ်ယောက်ကို တစ်ယောက် နာကျင်ခံစားအောင် မလုပ်မိဖို့ ကောင်းအရေးကြီးပါယေ.. ချစ်သူနှစ်ယောက်ကြားမှာ ဒေပိုင် တစ်ယောက်ကို တစ်ယောက် ယုယကြင်နာမှုတိ ဟိမ့်ပါမှလည်း ရေရှည် တည်တံ့ခိုင်မြဲရေ ဘ၀ကို တည်ဆောက်နိုင်ပါဖို့..
ကိုယ့်လုပ်နိန်ရေ အလုပ်စော် ကိုယ်တစ်ဖက်သတ်အမြင်နဲ့ မှန်ကန်စော်တိကို လုပ်နိန်စော်ရာ.. ယေနဲ့ ဖြစ်လို့ ဒေလူ ကြိုက်ကြိုက်မကြိုက်ကြိုက် ကိုယ့်လုပ်ရပ်ကြောင့် ဒေလူစိတ်ချမ်းသာသာ မသာသာ ဆိုရေ ပုံစံတိကို ရှောင်ရှားပနာ တစ်ဖက်ကို စိတ်ထိခံစားဇီရေ ကိစ္စမျိုးဆိုကေ မပြုလုပ်သင့်ပါ..ယေမှရာ နှစ်ယောက်ဘ၀ကို နိန့်စိုင် လှပအောင် ဖန်တီးနိုင်ပါဖို့..
ညက အဆင်မပြေခရေ ပြသနာတိကို ဒေနိန့် ထပ်မဆွေးနွေးဖို့နဲ့ နောက်ဖြစ်လာဖို့ အနာဂတ်ကို ပစောင်ပိုင် သာယာအောင် ထူထောင်ဖို့လေ့ ဆိုစော်ကို နှစ်ကိုယ်ကြား ဆွေးနွေး ၊ ညိုနိုင်းဖို့ နဲ့ ဒေနိန့် လက်ဟိမ့် ဘ၀ကို အကောင်းဆုံး ပျော်ရွင်မှု ဟိမ့်အောင် ထားနိုင်ဖို့ လိုအပ်ပါယေ..မျက်လုံးခြင်း ဆက်သွယ်လို့ တစ်ယောက်ပြောစော်ကို တစ်ယောက်က အလေးအနက်ထား နားထောင်ပီးတတ်တေ လူတိလေ့ ဖြစ်ဖို့ လိုအပ်ပါယေ..ချစ်သူနှစ်ယောက် အချစ်တည်မြဲ ခိုင်မြဲဖို့ဆိုစော် တစ်ယောက် တစ်ဖက်တည်း ကြိုးစားနိန်ရုံနဲ့ မရဟိမ့်နိုင်ဆိုစော်ကို နားလည်ပါ...
၇.. ငွေကြေးကို ခွဲခြမ်း စိတ်ဖြာနိုင်ဖို့..
လူတိုင်း လူတိုင်းမှာ ကိုယ်ဇီ ကိုယ်ငှ အခက်အခဲဆိုစော် ဟိမ့်ကတ်တေ.. မိသားစု အဆင်မပြေစော်တိ ၊ ငွေကြေး အဆင်မပြေစော်တိ ၊ အလုပ်အဆင်မပြေစော်တိနဲ့ မျိုးစုံ ဟိမ့်ပါယေ.. ငွေကြေး အဆင်မပြေမှုစော်ရေ ချစ်သူနှစ်ယောက်ကြားမှာ ဂဂေါင်းအငြင်းပွား အဆင်မပြေမှုတိကို ဖြစ်ဇီစော်ပါယေ.. ငွေကြေး အဆင်မပြေစော် ဖြေရှင်းဖို့ ငွေကြေးကို ရှာဖွေတတ်ဖို့နဲ့ ရှာဖွေလို့ ရလာရေ ငွေကို စနစ်တကျ သုံးစွဲတတ်ဖို့ ကောင်းအရေးကြီးပါယေ..
ကိုယ့်မှာ ၀င်ငွေ ပမာဏ တစ်ခု ဟိမ့်ရေဆိုကေ ယေ့ငွေကြေးကို ပစောင်ပိုင် သုံးစွဲဖို့လေ့ ချင့်ချိန်တတ်ရပါဖို့.. ဥပမာ မိသားစုကို အစာလောက် ထောက်ပံ့ဖို့ ၊ ကိုယ်သုံးစွဲဖို့ ၊ ကိုယ့်ချစ်သူနဲ့ လျောက်လည်ရေခါ သုံးစွဲဖို့ ၊ လူမှုရေး ကိစ္စတိမှာ လိုအပ်တေခါ သုံးစွဲဖို့ ၊ အနာဂတ်အတွက် စုဆောင်းဖို့ နဲ့ ကိုယ် အစာနိန်ရာတိမှာ သုံးစွဲဖို့ လိုအပ်လေ့ ဆိုစော်ကို ခွဲတမ်းချ သုံးစွဲတတ်ဖို့ အရေးကြီးပါယေ..
သမိန်းရည်းစားဖြစ်ဘ၀မှာ အစာနိန်ရာကိုပင် လားလို့ ၀ယ်ခြမ်းစားသောက်စော် ၊ လျောက်လည်စော် ကိစ္စတိမှာ ယောက်ကျားဖြစ်လို ယေ့သူရာ ငွေရှင်းရဖို့လို့ မမချေတိ အနိန်နဲ့လည်း မသတ်မှတ်ထားသင့်ပါ.. သူမှာ မဟိမ့်စော် ဟိမ့်စော် အခြေအနေကို ကိုယ့်ဖက်က အတတ်နိုင်ဆုံး အလိုက်သိပီးရပါဖို့.. ကိုယ့်မှာ တတ်နိုင်လို့ ကိုယ့်ဖက်က ၀ယ်ကျွေး ကုန်ကျခံလို့လည်း တစ်ယောက်ကလေ့ တစ်ခုပင် လာပြောဖို့ မဟုတ်ပါ..ကိုယ်က တတ်နိုင်ကေ တစ်ယောက်မှာ လိုအပ်နီစော်ချေတိကို တစ်ယောက်က အလိုက်တသိ လက်ဆောင်အဖြစ် ၀ယ်ပီးတတ်ဖို့လေ့ လိုပ်အပ်ပါယေ..
လက်ဆောင်ပစ္စည်းဆိုစော်ရေ ချစ်သူနှစ်ယောက်ကြားမှာ ထားဟိမ့်ရေ အမှတ်တရ ပစ္စည်းဖြစ်တေ.. ယေနဲ့ဖြစ်လို့ ဈေးကြီးရေ ဈေးမကြီးဆိုစော် အဓိက မကျ.. တစ်ယောက်က တစ်ယောက်ကို စေတနာဟိမ့်လို့ ၀ယ်ပီးစော်ကို တစ်ဖက်ကလေ့ တန်ဖိုးထားသင့်ရေ..ယေမှာရာ ကိုယ်ရို့ နှစ်ယောက်ကြားမှာ အဆင်ပြေမှုတိယာ ပိုတိုးလာဇီပါဖို့..
ယေပိုင်ပင် ယောက်ကျားချေတိ အနိန်နဲ့လည်း တစ်နိန်ရာရာမှာဂျေးရာ ငွေကို ပိုသုံးစွဲပိုက်လို့ ကိုယ့်ချစ်သူက ကိုယ့်ကို " တစ်ခါတစ်လီချေလောက် ညဇာ လိုက်ကျွေးပလ " , " အေချင့်ချေ တစ်ခုလောက် လက်ဆောင် ၀ယ်ပီးပ" လို့ တောင်းဆိုလို့ ကိုယ်က မကျွေးနိုင် ၊ မ၀ယ်ပီးဆိုကေ တစ်ဖက်သားမှာ စိတ်မကောင်းဖြစ်ရဖို့..
" ဖေသာလေ့ ရှာဖို့ တတ်ရင့် ငါ့ကို ဒေလောက်ချေတောင် အလိုမလိုက်ပီးနိုင်ဆိုကေ " တစ်သက်လုံးကို ပစောင်ပိုင် လက်တွဲရဖို့လေ့ဆိုရေ အတွေးတိကို အလိုလိုပီးလိုက်စော်နဲ့ တူဖို့.. ယေပိုင်ပင် ကိုယ်ကိုယ်တိုင်လေ့ ဖေသာရှာဖို့တတ်ရင့် စနစ်တကျ မသုံးစွဲ တတ်လို့ တစ်ဖက်က ကိုယ့်ချစ်သူကို တောင်းဆိုစော်ကို မလိုက်လျော မ၀ယ်ကျွေးနိုင်လို့ စိတ်မကောင်းဖြစ်ရနိုင်ပါယေ..
ယေနဲ့ဖြစ်လို့ နှစ်ဦးနှစ်ဖက်စော် ဒေပိုင် ငွေကြေးကိစ္စတိနဲ့ ကြုံလာရေ အခါမှာ တစ်ယောက်ကို တစ်ယောက် အလိုက်သိတတ်ဖို့ ကောင်းအရေးကြီးပါယေ..ချစ်သူဘ၀ရာ ဟိမ့်သိမ့်ရေ.. တစ်ယောက် ငွေကြေးကိစ္စကို တစ်ယောက် ၀င်ပါပြောဆိုရေလို့ စိတ်ထဲမထားပဲ အပြုသဘောနဲ့ ကြည့်တတ်မြင်တတ်ဖို့ အရေးကြီးပါယေ.. အဓိက ကိုယ့်ပိုင်ဝင်ငွေကို လိုအပ်တေနိန်ရာတိမှာ စနစ်တကျ သုံးစွဲတတ်ဖို့ဖြစ်ပါယေ..
၈..ရေရှည်ဆက်ဆံရေး အတွက် အမြင်တိကို မျှဝီးဖို့..
အနာဂတ် ဘ၀တည်ဆောက်ဖို့ အမြင်ခြင်း ဖလှယ်ဖို့ အချိန်ယူ ပြောဆိုဆွေးနွေးပါ.. ဘ၀ အိမ်ထောင်ကို တည်ဆောက်ခါ ပစောင်ပိုင် အနိန်အထား ၊ အစာနိန်ရာမှာ နိန်ဖို့ ၊ ရေရှည် အစီအစိုင်တိကို နှစ်ယောက်တတူ ညိုနိုင်းပါ..ယောက်ကျားဖက်က စလို့ရာ ပြောကို ပြောရဖို့ဆိုရေ အတွေးအခေါ်တိကို ဘေးဖယ်ထားပါ..
ကိုယ်က ဖြစ်ဇီ ယေ့လူဖက်က ဖြစ်ဇီ စတင်ပနာ ဆွေးနွေးဖို့ လိုအပ်တေ.. ယေ့ပိုင်အခါမှာ တစ်ယောက်ပြောစော်ကို တစ်ယောက်က လက်ခံနိုင်အောင် ဒေနိန်ရာမှာ ဒေပိုင်ဟိမ့်လို့ ဆိုစော်ကို တစ်ဖက်လူ နားဝင်အောင် ပြောပြတတ်ဖို့ ၊ ပြောပြစော်ကို တစ်ဖက်ကလေ့ နားလည်းလက်ခံပီးဖို့ လိုအပ်ပါယေ..
ယောက်ကျားချေက ဖြစ်ဇီ ၊ မမချေက ဖြစ်ဇီ " ငါရို့ ရှေ့ဆက် အနာဂတ်ထူထောင်ဖို့ ပစောင်ပိုင် စိတ်ကူးတိ ဟိမ့်လေ့ " လို့ မီးလာရေခါ ကောင်းမွန်စွာ ပြန်ဖြေတတ်ဖို့ အရေးကြီးပါယေ.. ယေပိုင် မဟုတ်ပဲ စိတ်မပါပိုင် စိတ်ပါပိုင် ပပေါ့တတန်နဲ့ " အချိန်တန်ကေ သူ့စော်နဲ့ သူဖြစ်လာဖို့နဲ့ " ဆိုစော် စကားလုံးမျိုးကို ရှောင်ရှားသင့်ပါယေ " . " ကိုယ့်မှာတောင် စိတ်ကူးဆန္န မဟိမ့်ပဲနဲ့ အစာကိစ္စမဆို အကောင်အထည်ဖော် ဖြစ်လာဖို့ မဟုတ်" ဆိုစော်ကို နားလည်ဖို့ လိုအပ်ပါယေ..
ရည်ရွယ်ချက် စိတ်ကူး အကြံအစည်တိကိုတိ တစ်ယောက်ကို တစ်ယောက် ထုတ်ဖော်မပြောပဲ စိတ်ထဲမှာ ထားခြင်းဖြင့် လူနှစ်ယောက်ကြား ဆက်ဆံရေးစော် တိုးတက်လာဖို့ မဟုတ်ဘဲ တစ်ယောက်စိတ်မှာ တစ်ယောက် ဇာဟိမ့်လေ့ဆိုစော်ကို မသိနိုင်ပါ..
အနာဂတ်ကို ဆွေးနွေးရင်း လက်ဟိမ့် ဆက်ဆံရေးကိုလေ့ မပျက်စီးစေဘဲ ရေတို plan ဖြစ်တေ အားလပ်တေ ရက်ချေတိမှာ နှစ်ယောက်တတူ ပစောင်ပိုင် အသုံးချဖို့လေ့ဆိုစော်ကိုလေ့ စိုင်းစားသင့်ပါယေ.. သူငယ်ချင်းတိနဲ့ တပျော်တပါး လားကတ်တေခါလေ့ ဟိမ့်ဖို့လိုအပ်တေပိုင် နှစ်ယောက်တည်း လည်ပတ်တေ အချိန်တိကိုလေ့ ဖန်တီးသင့်ပါယေ.. ယေမှယာ အနာဂတ်မှာ နှစ်ယောက်ဘ၀ကို ပစောင်ပိုင် ဖြတ်သန်းဖို့ တစ်ယောက်၏ ဆိုးကျိုး ၊ ကောင်းကျိုးတိကို မြင်နိုင်ပါမှ ပြုပြင်လို့ရစော် ပြုပြင်ယူလားရပါဖို့..
ဘ၀အကြောင်းတိကို ပြောဆိုရေ အခါမှာ တစ်ယောက် အားနည်းချက်ကို တစ်ယောက်က စောင်းပြောစော်မျိုးတိကိုလေ့ ရှောင်ရှားပါ.. အားနည်းချက်ကို ထိပါးစောင်းပြောခြင်းစော် ယေ့လူတစ်ယောက် စိတ်ကို သတ်ပလိုက်စော်နဲ့ တူပါယေ.. ယေနဲ့ဖြစ်လို့ ကိုယ့်ချစ်သူက ချစ်တေလို့ အခါတိုင်း ပြောနိန်ဖို့ မလိုအပ်ဘဲ ကိုယ့်ချစ်သူ အားနည်းချက်ကို ဖေးမရင်း ၊ တစ်ယောက်ကို တစ်ယောက် နားလည်ယုံကြည် ၊ အလေးထား ၊ အလိုက်တသိနဲ့ ပွင့်လင်းရိုးသားရေ ဆက်ဆံရေး ဟိမ့်ရုံနဲပင် " ကိုယ်ချစ်တေ လူကို နှလုံးသားကလာရေ အချစ်နဲ့ ထာဝရ ချစ်နီရေလို့ " ပြောစော်နဲ့ ထပ်တူကြပါယေ..
ဒေဂုပြောထားရေ အချက်ချေတိကို လိုက်နာလို့ လက်ဟိမ့် အခြေအနေမှာ ပျော်ရွင်ရေ ဆက်ဆံရေးကို ဖန်တီးနိုင်ဖို့ဆိုကေ အနာဂတ်ဘ၀က မလှပ စရာ အကြောင်းမဟိမ့်ပါ.. ချစ်ကတ်တေ လူတိုင်း ကိုယ်ပိုင်ဘ၀နဲ့ အချစ်ကို ထပ်တူကျ ချစ်နိုင်ကတ်ပြီးကေ ၊ ဒေမှာ ရေးသားထားရေ အချက်ချေတိကို သတိထား လိုက်နာ ကျင့်သုံးရင်း အနာဂတ်ကို ပျော်ရွင်သာယာရေ ဘ၀တိအဖြစ် တည်ဆောက်နိုင်ကတ်ပါဇီလို့ ဆန္နပြုရင်း ..
0 comments:
Post a Comment
ဒေစာပို့(စ်)ချေကို ဖတ်ပြီးကေ အမှတ်တရချေ တစ်ခုလောက် ရီးထားခပါဘလတ် ဘော်ဒါရို့ :P